ပေါင်၊ ဧပြီ ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နံနက်ပိုင်းက ပေါင်မြို့၊ ကဒါရပ်ကွက် ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗောဓိညောင်ပင်နှင့် ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ရိုးရာမပျက် ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပခဲ့ကြသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓအလံတင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ ဝတ်အသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပြည်သူများက မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများမှ ဗောဓိညောင်ပင်တို့၌ ညောင်ရေသွန်းလောင်းခြင်း၊ စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ကာ ရိုးရာ အစဉ်အလာမပျက် ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။
မွန်မလေး
#MNP #News









No comments:
Post a Comment