ဧပြီ - ၂၁ ( အင်္ဂါနေ့ )
မနေ့က ဟော်မုဇ်ရေလက်ကြားအနီးမှာ အမေရိကန်က အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စင်းကို သိမ်းယူပြီးနောက် ရေနံဈေးတွေ ခုန်တက်သွားပါတယ်။ အကြောင်းကတော့ အီရန်စစ်ပွဲမှာ ငြိမ်းချမ်းရေး အလားအလာတွေ လျော့နည်းလာကြောင့် ထောက်ပံ့ရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့လို့ပါပဲ။
ကမ္ဘာ့ရေနံစိမ်းဈေး ဘရန့် နဲ့ အမေရိကန်ရေနံစိမ်းဈေး ဝက်စ်တက္ကဆက် နှစ်ခုစလုံးမှာ တစ်စည်လျှင် ကန်ဒေါ်လာ ၉၆ နဲ့ ၈၈ သို့ အသီးသီး ခုန်တက်သွားပါတယ်။ ၂ခုစလုံး ၆% စီ ခုန်တက်သွားတာပါ။ အမေရိကန်တွေက ဟော်မုဇ်ရေလက်ကြားကို ထိပ်ဝကနေပိတ်ပြီး ရေလက်ကြားအတွင်း ကုန်တင်ကုန်ချ လုပ်နေတာကို အနှောက်အယှက် ဆက်လုပ်နေမယ်ဆိုရင် အီရန်ဘက်ကလည်း ရေလမ်းကြောင်းကို ကန့်သတ်မှု ဆက်လုပ်နေဦးမယ်လို့ သတိပေးထားပါတယ်။
ကုန်သည်များက ပင်လယ်ကွေ့ကိုဖြတ်ပြီး တင်ပို့မှုတွင် ထပ်မံကြုံတွေ့လာတဲ့ နှောင့်ယှက်မှုများကြောင့် စျေးနှုန်းအသစ်တွေကို သတ်မှတ်ပေးခြင်းလုပ်လာတာပါ လို့ လေ့လာသူများက ဆိုပါတယ်။ ကူဝိတ် ရဲ့ ရေနံနှင့် လောင်စာဆီ တင်ပို့မှုအချို့ကတော့ အထိန်းချုပ်ခံလိုက်ရပါပြီ။
အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်ရေး အဖွဲ့ ( အိုပက်) ရဲ့ ထုတ်လုပ်မှုတွေ ကန့်သတ်ခံလိုက်ရသလို ပို့ဆောင်ရေးနှင့် အာမခံစရိတ်ကလည်း မြင့်မားလာတာကြောင့် ထုတ်လုပ်သူများရဲ့ စွမ်းရည်က ကန့်သတ်ခံလိုက်ရတာပါ။ စက်မှုလုပ်ငန်းတွေရဲ့ ခန့်မှန်းချက်များအရ ရေနံစိမ်းစည်ပေါင်း သန်းကို ရာနှင့်ချီပြီး ဟော်မုဇ် ရေလက်ကြားထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment