ပခုက္ကူမြို့နယ်၌ အပူဒဏ်အန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်၌ အပူဒဏ်အန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ





ပခုက္ကူ၊ ဧပြီ ၂၁ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အပူဒဏ်အန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီး မှူး  ဦးဇော်မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့လဲ့ဝေနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍  ပခုက္ကူမြို့၊စည်ပင်သာယာဈေးကြီးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့်ရပ်ကွက်နေပြည်သူများထံ အပူဒဏ်အန္တရာယ်ကာကွယ် နိုင်ရေးအတွက် အသက်ရွယ်အပိုင်းအခြားအလိုက် သွားလာလှုပ်ရှားမှုများနှင့်နေထိုင်စားသောက်မှုများဆိုင်ရာဆောင်ရန်/ ရှောင်ရန်အချက်များ၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေး နှိုးဆော်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊  အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)