နာဂဒေသ လဟယ်မြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာ၀န်ပးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂဒေသ လဟယ်မြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာ၀န်ပးအပ်ပွဲအခမ်းအနားကျင်းပ



လဟယ်  ၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာ၀န်ပးအပ်ပွဲ အခမ်းအနားကိုယနေ့(၁၄:၀၀)နာရီအချိန် လဟယ်မြို့နာဂဒေသဦးစီးအဖွဲ့ အစည်းအဝးခန်းမ၌ ကျင်းပပါသည်။

ဦးစွာ နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီး နာဂဒေသစီမံကိန်းဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး)ဒေါ်ရီရီပြုံးက (၂၀၂၆-၂၀၂၇)ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ ရှင်းလင်းပါသည်။ထို့နောက် နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးလှထွန်းက ဒေသအဆင့်ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းရည်မှန်ချက်များဖြစ်သာ လယ်ယာဏဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း တာ၀န်များ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသီးသီးပေးအပ်ရာ သက်ဆိုင်ရာဌာနများကလက်ခံခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)