ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို


ဘန်ကောက်၊ ဧပြီ ၇ 

အနူတင်ချန်ဗီရာကူးလ်က ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သော ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်သည် ဧပြီ ၆ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိ တုသိတနန်းတော်၌ ထိုင်းဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်းအား ဂါရဝပြုတွေ့ဆုံခဲ့ပြီး ဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ 

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ထိုနေ့ညပိုင်းတွင်ပင် အနူတင်သည် အထူးအစိုးရအဖွဲ့အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး လွှတ်တော်သို့ တင်ပြရမည့် မူဝါဒဆိုင်ရာ မူကြမ်းများကို ဆွေးနွေးခဲ့သည်။ အနူတင်သည် ယခုသီတင်းပတ်တွင် လွှတ်တော်၌ မူဝါဒအစီရင်ခံစာ တင်ပြမည်ဟု ထိုင်းမီဒီယာများက ဖော်ပြထားသည်။ 

ဘွန်ဂျိုင်ထိုင်းပါတီ (BJT) အမည်စာရင်းတင်သွင်းသော ဝန်ကြီးချုပ်လောင်း အနူတင်သည် ထိုင်းနိုင်ငံ လွှတ်တော် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ထက်ဝက်ကျော် ထောက်ခံမှုရရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံရကာ မတ် ၂၀ ရက်၌ ထိုင်းဘုရင်၏ အတည်ပြုချက်ရရှိခဲ့သည်။ 


Ref - (Xinhua)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)