မိုင်းကိုင် ၊ ဧပြီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလတွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပွဲတော်မုဒ်ဦးများစိုက်ထူခြင်း၊ အကမဏ္ဍပ်၊ ရေပက်မဏ္ဍပ်၊ စတုသီတာမဏ္ဍပ်များဆောက်လုပ်ခြင်း လုပ်ငန်းများကို ဧပြီလ ၁၀ ရက်နေ့မှ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မိုင်းကိုင်မြို့နယ်၏ ၂၀၂၆ ခုနှစ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် စတုသီတာမဏ္ဍနှင့် ရေပက်မဏ္ဍ (၁၂)ခု၊ အခြေခံပညာကျောင်းများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်္ကြန်ယိင်းအကများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ မပျောက် ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment