ဧပြီ - ၇ ( အင်္ဂါနေ့ )
ထိုင်ဝမ်ရဲ့အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန် (KMT)ပါတီရဲ့ ခေါင်းဆောင်က တရုတ်ပြည်မကြီးသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူမရဲ့ ခရီးစဉ်က ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ပြီး ကျွန်းရဲ့လွတ်လပ်ရေးရနိုင်ချေအတွက် ငြိမ်းချမ်းရေး စကားပြောဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့တာပါ။
ချန်လီဝမ် က ဒီနေ့ပဲ ထိုင်ဝမ်ကထွက်ခွာမှာဖြစ်ပြီး ကူမင်တန် ပါတီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာသွားရောက်မှာဖြစ်ပါတယ်။ သူမရဲ့ငြိမ်းချမ်းရေးတည်ဆောက်မှု မစ်ရှင်ကို တနင်္ဂနွေနေ့တွင် ပြီးဆုံးမည်ဟု မျှော်လင့်ရပါတယ်။ “ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး” ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရှီနဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း သူမက ပြောပါတယ်။
ခရီးစဉ်မတိုင်မီ NBC သတင်းဌာန နဲ့ စကားပြောရာတွင် ချန်က ထိုင်ဝမ်အတွက် “ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲကို တားဆီးရန် အစွမ်းရှိသမျှ လုပ်ဆောင်ရမယ်”လို့ဆိုခဲ့ပြီး ထိုင်ဝမ်ကို ဒုတိယယူကရိန်း မဖြစ်ချင်ဘူး လို့ ပြောသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment