ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရေနံဝန်ထမ်းအိမ်ယာနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ရေဖြန့်ဝေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရေနံဝန်ထမ်းအိမ်ယာနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ရေဖြန့်ဝေလှူဒါန်း



ဗိုလ်တထောင်  ၊  ဧပြီ ၆

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရေနံဝန်ထမ်းအိမ်ယာနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် သုံးရေလိုအပ်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်ဦးဆောင်၍ အဖွဲ့ဝင်များ၊ တာမွေမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးညီညီနှင့် သန္ဓေတပ်ဖွဲ့ဝင် ၄ ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူပူပေါင်း၍ တာမွေမြို့နယ် မီးသတ်စခန်းမှ 5S-4931 HOWO မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလန်(၄၀၀၀)ခန့်အသုံးပြု၍ ရေပေးဝေလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)