နေပြည်တော်၊ ဧပြီ ၅
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း တို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော် က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးလှိုက်လဲစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊နိုင်ငံတော်သမ္မတ ဦးဆောင်မည့် ပြည်ထောင်စု အစိုးရ အဖွဲ့က နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူလူထုအကျိုးတို့ကို အောင်မြင်စွာ သည်ပိုးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး နိုင်ငံတော်၏အကျိုး၊ အမျိုးဘာသာသာသနာ အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရှိရသည်။
#MNP #News




No comments:
Post a Comment