တာမွေမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ






တာမွေ၊ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် Green Foundation တို့ ပူးပေါင်း၍ ဓမ္မဒါန မေတ္တာဖြင့် ဖွင့်လှစ်ပေးသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅)မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး  တာမွေမြို့နယ် အမှတ်(၁) ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက် လက်၍ တာမွေမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်က အမှာစကားပြောကြားခဲ့ပြီး အဘိဓမ္မ တက္ကသိုလ်မှ ကထိကဆရာကြီး ဦးအောင်မျိုးညွန့်(မော်ကွန်းထိန်း)မှ ဝမ်းသာပီတိစကားပြောကြားခဲ့သည်။ ထို့နောက် Green Foundation ဥက္ကဋ္ဌ ဦးဆန်းလင်းအောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို ပူဇော်‌သောအားဖြင့် သုံးမိနစ်ငြိမ်သက်စွာ အာနာပါန စုပေါင်းရှုမှတ်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူ များသည် “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ” သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းတွင် ကလေးသူငယ်များအား ဗုဒ္ဓဘာသာဝင် လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာများ၊ (၃၈)ဖြာ မင်္ဂလာကဗျာများနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဆုံးမစာများကို ၂၀၂၆-ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၆)ရက်နေ့အထိ လေးရက်ကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ကလေးငယ်များ စိတ်အေးချမ်း ပျော်ရွှင်စွာသင်ကြားနိုင်ရေးအတွက် တာမွေမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများ၊ အဟာရဒါန ကျွေးမွေး လှူဒါန်းခြင်း အစီအစဉ်များအပြင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ထက်တံခွန် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)