ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ ဗျတ္တဈေးတောင်ဘက်ကပ်လျက် လူနေအိမ်နှင့် ဂိုထောင်မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ ဗျတ္တဈေးတောင်ဘက်ကပ်လျက် လူနေအိမ်နှင့် ဂိုထောင်မီးလောင်မှုဖြစ်ပွား



ညောင်ဦး ၊  ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ဗျတ္တယာယီဈေး တောင်ဘက်ကပ်လျက်ရှိ လူနေအိမ်နှင့်ဂိုထောင် ဧပြီ ၂၁ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်နေသည့်နေရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်း၊ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၃) ဦး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ညောင်ဦးမြို့နယ် မီးသတ်စ ခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၊ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၈) ဦး၊ မီး ငြှိမ်းသတ်ယာဉ် (၁) စီး၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံတပ်ကြပ်ကြီး သိန်းကျော်၊ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၆) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယူ ရေးယာဉ် (၁) စီး၊ စုစုပေါင်း သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၇) ဦးနှင့် ကျေးရွာနေပြည်သူများဖြင့် မီးငြှိမ်းသတ်ကြရာ ၅ နာရီ ၁၆ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မှုဖြစ်စဉ်မှာ ၅ နာရီအချိန်ခန့်က တောင်ဇင်းနယ်မြေ၊ကူကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာနေ ဦးမှတ်ကြီး၊ (သ) ၅၃ နှစ်၊ (ဘ)ဦးအောင်သိန်း၊ မပတ၊ ၉/ညဥန (နိုင်) ၁၃၀၇၁၃ ကိုင်ဆောင်သူ၊ တောင်ဇင်း ကျေးရွာနေသူသည် နေအိမ်၏အရှေ့ဘက်(၇)ပေခန့်အကွာတွင် အမှိုက်ပုံမီးရှို့ခဲ့ရာမှတဆင့် ၎င်းပိုင်ဆိုင်သော ၁၂-၁၅ပေ၊ သွပ်မိုး၊ ထရံကာနေအိမ်သို့ စတင်ကူးစက်လောင်ကျွမ်းခဲ့ပြီး အခြားလူ/ ယာဉ်/ တိရိစ္ဆာန်နှင့် လူနေအိမ်အဆောက်အဦများ ထိခိုက်မှုမရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ဖြစ်စေခဲ့သူအား ညဥမြို့မရဲစခန်းမှ (ပ) /၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)