မော်လမြိုင် ၊ ဧပြီ ၅
မော်လမြိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများသည် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး၏ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ မော်လမြိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ ပန်းပဲတန်းရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ဘိုကုန်းရပ်ကွက်စာသင်ဝိုင်းများ၌ စာတတ်မြောက်ရေးသင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင် လုပ်အားပေး နည်းပြ ၃ ဦး၊ ကြီးကြပ်သူ ၃ ဦးနှင့် စာသင်သား ၃၆ ဦးတို့ကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စာသင်ဝိုင်းများအတွက် စာရေးကိရိယာပစ္စည်းများ ပေးအပ်ခဲ့သည်။
၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို မော်လမြိုင်မြို့နယ်၌ စာသင်သား ၅၀၄ ဦး၊ စာသင်ဝိုင်း ၄၂ ဝိုင်း၊ နည်းပြဆရာမ ၄၂ ဦး ကြီးကြပ်သူ ၄၂ ဦးဖြင့် ရက်ပေါင်း (၄၀)ကြာ သင်ကြားခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment