အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်၌ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်၌ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည်




နေပြည်တော်၊ ဧပြီ ၂၂

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွား ပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန် - မန္တလေး - ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တစ်လျှောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်းငွေကျပ် ၄၈၀၀၀ နှင့် ပထမတန်းငွေကျပ် ၃၄၀၀၀ တို့ဖြစ်သည်။

ရန်ကုန် - နေပြည်တော် - ရန်ကုန် ခရီးစဉ်တစ်လျှောက် အမှတ် (၃၁) အဆန်/ အမှတ် (၃၂) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်းဖြစ်သည်။

ရန်ကုန် - နေပြည်တော် - ရန်ကုန် ခရီးစဉ်တစ်လျှောက် အမှတ် (၇) အဆန်/ အမှတ် (၈) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်းဖြစ်သည်။

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲမည့် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် DEMU လူစီးအမြန်ရထားများနှင့် ရန်ကုန် - နေပြည်တော် - ရန်ကုန်ခရီးစဉ်တွင် ပြေးဆွဲနေသော အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်၊ အမှတ် (၇) အဆန်/ အမှတ် (၈) အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)