အမေရိကန်တိုက်လေယာဉ်၂ စင်း အချင်းချင်းတိုက်မိပြီး ပျက်ကျ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်တိုက်လေယာဉ်၂ စင်း အချင်းချင်းတိုက်မိပြီး ပျက်ကျ





မေ- ၁၈ ( တနင်္လာနေ့)

အမေရိကန် ရေတပ် အီလက်ထရွန်နစ် စစ်ဆင်ရေး လေယာဉ် နှစ်စင်း အိုင်ဒါဟိုမြို့တွင် သရုပ်ပြ ပျံသန်းစဉ် မြေပြင်သို့ ပျက်ကျခဲ့ပေမဲ့ အမှုထမ်း လေးဦးစလုံး ဘေးကင်းစွာ ထွက်ခွာသွားနိုင်ခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်ဟာ မောင်တိန်ဟုမ်း လေတပ်အခြေစိုက်စခန်းမှာ ကောင်းကင် သေနတ်သမား လေကြောင်းပြပွဲ မှာဖြစ်ခဲ့တာပါ။ အခင်းဖြစ်ပွားရာနေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွင် EA-18G ဂျက်လေယာဉ်နှစ်စင်းက တစ်စင်းနဲ့ တစ်စင်း ထပ်ပြီး ပျံသန်းဖို့လုပ်နေတဲ့အချိန်မှာ တိုက်မိသွားတာဖြစ်ပြီး ၂စင်းစလုံး အောက်ကိုလည်ပြီပြုတ်ကျကာ မြေပြင်နဲ့ရိုက်မိပြီး ပေါက်ကွဲသွားပါတယ်။ လေယာဉ်ဝန်ထမ်း ၄ ဦးလုံးကတော့ ခုန်ထွက်သွားပြီး လေထီးနဲ့ ဆင်းနိုင်ခဲ့ပါတယ်။ 

“လေယာဉ်အမှုထမ်းလေးဦးစလုံး အောင်မြင်စွာ ခုန်ထွက်နိုင်ခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူတို့ကို စစ်ဆေး အကဲဖြတ်နေပါတယ်”လို့ ရေတပ်ရဲ့ လေကြောင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အမ်မလီယာ က ပြောကြားခဲ့ပါတယ်။ 

ဘိုးအင်း EA-18G က F/A-18F Super Hornet ဂျက်တိုက်လေယာဉ်မှ ဆင်းသက်လာတဲ့ လေကြောင်းလိုင်း အခြေပြု အီလက်ထရွန်နစ်စစ်ပွဲသုံး လေယာဉ်ဖြစ်ပြီး ၂၀၀၀ ခုနှစ်နှောင်းပိုင်းတွင် မိတ်ဆက်ခဲ့ပြီး အီလက်ထရွန်နစ်စစ်ပွဲ ပလပ်ဖောင်းအတွက် အစားထိုးရန် တီထွင်ခဲ့တာပါ။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)