မေ- ၇ ( ကြာသပတေးနေ့ )
အီရန်အနေနဲ့ အမေရိကန်က စစ်ပွဲအဆုံးသတ်ရန်ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ သဘောမတူဘူးဆိုရင် ဗုံးကျဲတိုက်ခိုက်မှုတွေ ပြန်လုပ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှု အပြီးမှာ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန်အလံတင်ထားတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။
အီရန်အလံတင် အမ်တီဟတ်စ်နာ ရေနံတင်သင်္ဘောက အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့ထားမှုကို ချိုးဖောက်ပြီး မနေ့က အီရန်ဆိပ်ကမ်းကနေ ထွက်ခွါရန် ကြိုးပမ်းနေကြောင်း၊ ထရမ့်ရဲ့ ပရောဂျက်ဖရီးဒမ်းကို ယာယီရပ်နားထားပေမဲ့ ဟော်မုဇ်ရေလက်ကြားထဲကို သင်္ဘောတွေ အဝင်အထွက် မလုပ်အောင် တားဆီးဖို့အတွက် အမေရိကန်ရေတပ်မှာ အခွင့်အာဏာရှိဆဲဖြစ်နေတဲ့အတွက်ကြောင့် အခုလိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အမေရိကန် စစ်ဆင်ရေးဗဟိုဌာနချုပ်မှ ပြောကြားခဲ့ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် လင်ကွန်က အီရန်ရေနံတင်သင်္ဘောကို အကြိမ်ကြိမ် သတိပေးနေပေမဲ့ သင်္ဘောက အီရန်ဆိပ်ကမ်းကနေ ဆက်လက် ထွက်ခွာနေတာကြောင့် သင်္ဘောရဲ့တက်မကို ၂၀မီလီအမြောက်နဲ့ ပစ်ချိုးပစ်လိုက်ကာ ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။
ထရမ့်ကတော့ အီရန်အနေနဲ့ အပစ်ရပ်ရေးကို သဘောတူထားတယ်ဆိုပေမဲ့ စည်းကမ်းချက်များကို လက်ခံမှသာ အဆုံးသတ်မှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ “သူတို့က သဘောမတူရင် ဗုံးကျဲမှုတွေ စတင်တော့မှာပါ။ ဝမ်းနည်းစရာက အရင်ကထက် အများကြီး ပိုမြင့်တဲ့ ပြင်းထန်မှု ဖြစ်လာမှာပါ” လို့ ထရုသ်ဆိုရှယ်မှာ ရေးတင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ထရမ့်က တရုတ်နိုင်ငံကို အလည်အပတ်သွားစရာရှိနေပါတယ်။ အဲ့ဒိခရီးစဉ်မတိုင်ခင်မှာစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ အီရန်ဘက်က အခွင့်အလမ်းရှိနေကြောင်းနဲ့ အကယ်၍ အီရန်ကလိုက်နာမှု မရှိရင်တော့ တစ်နိုင်ငံလုံး ငရဲပြည်ကိုသွားဖို့ ပြင်ထားပေရော့လို့ PBS သတင်ဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment