ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ တရားမဝင် စာသင်ကျောင်းတွင် ဘင်္ဂါလီများကို စာသင်ပေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ တရားမဝင် စာသင်ကျောင်းတွင် ဘင်္ဂါလီများကို စာသင်ပေးနေ





ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ နဂါးနီ(၂)လမ်း၊ တိုက်အမှတ် ၄၈ (၁)ထပ်၊ တိုက်အမှတ် ၄၇ မြေညီထပ်တို့တွင် ဘင်္ဂါလီမွတ်စလင်များ တရားမဝင် စာသင်ကျောင်း ဖွင့်လှစ်ထားသည်ကို သိရှိသဖြင့် တာဝန်ရှိသူများ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဆရာတော်ဦးပညာဝံသ က မိန့်ကြားသည်။

ဆရာတော် ဦးပညာဝံသက "ဆရာတော်တို့ထံ ရပ်ကွက်နေပြည်သူတွေက လာရောက်သတင်းပေး ပြောဆိုတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာပါ။ ရောက်သွားတဲ့အခါကြတော့ သတင်းပေးတိုင်ကြားတာက မှန်ကန်တယ်။ အဲဒီမှာ မွတ်စလင် ဘင်္ဂါလီ လူငယ် ယောကျ်ားးလေး(၃၁) ယောက်၊ ဘဂ်ါလီ မိန်းကလေး(၉)ယောက်ပေါ့။ ဘင်္ဂါလီ မွတ်စလင် ဆရာ(၁၀)ဦးက ခွင့်ပြုချက်မဲ့  ကျောင်းစာသင်ပေးတာဆိုပြီး စာသင်နေတယ်။ တခြား သူတို့ ဘာတွေ သင်ကြားပေးနေသလဲဆိုတာတော့ ဦးဇင်းတို့လည်း မသိနိုင်ဘူး။ အများစုသည် ဘူသီတောင်မြို့၊ မောင်တောမြို့တို့ကနေ ရောက်လာကြတဲ့ ဘင်္ဂါလီများ ဖြစ်နေပါတယ်။ ၁၅ ရက်လောက်ရှိပြီ သင်နေကြတာ၊ နွယ်အေးရပ်ကွက်အုပ်ရေးမှူးများက တာမြတ်ထားတယ်လို့ ပြောတယ်။ မလိုက်နာဘဲ ဥပဒေချိုးဖောက်ပြီး ဆက်လက်လုပ်ဆောင်နေကြတယ်။ ရပ်ကွက်နေပြည်သူများက အမျိုးသားရေးဆရာတော်များကို လာရောက်လျှောက်ထားတဲ့အတွက် သွားရောက်စိစစ်ပြီး သက်ဆိုင်ရာ ရဲစခန်းကို အပ်နှံခဲ့ပါတယ်။ ဦးဇင်းတို့ ညနေ ၅နာရီကတည်းက သွားရောက်ခဲ့ပါတယ်။ ည၉နာရီအထိ တာဝန်ရှိသူများထံ အပ်နှံပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဘယ်လို ဆောင်ရွက်မယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး။" ဟု မိန့်ကြားသည်။


(ရုပ်သံမှတ်တမ်းများ ဆက်လက်ဖော်ပြပေးပါမည်။)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)