ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချ




ဂန့်ဂေါ၊ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေး ဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဆယ်အိမ်စု၊ ရာအိမ်စုများဖွဲ့စည်းခြင်း၊ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များ၊ လိုက်နာရန် စည်းကမ်းချက်များနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းစဉ် များကို ပါဝါပွိုင့်ဖြင့်ရှင်းလင်း၍ သင်တန်းပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များက သိရှိလိုသည် များကို မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ပြန်လည်ရှင်းလင်း ပြောကြားပြီး ကြီးကြပ်ရေးအဖွဲ့များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများ သင်တန်းသား(၃၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)