မေ -၁၁ ( တနင်္လာနေ့ )
နီကိုပတ်ဖ် လို့ခေါ်တဲ့ နီကိုတင်းပါဝင်မှုမြင့်တဲ့ ဗိတ်(ဆေးငွေ့ရှုခြင်း)လုပ်တဲ့ကိရိယာ တွေက ဂျပန်လူငယ်တွေ ကြားမှာ ရေပန်းစားနေတာဖြစ်လို့ အာဏာပိုင်တွေက အစိုးရခွင့်ပြုချက်မရတဲ့ ဗိတ်ကိရိယာတွေကို ရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်းတို့ကို တားမြစ်လိုက်ပါတယ်။
အခိုးအငွေ့ထွက်ရှိစေရန် နီကိုတင်းပါဝင်တဲ့ အရည်တွေကို အပူပေးတဲ့ နီကိုပတ်ဖ် သည် "တရားမ၀င် မူးယစ်ဆေးဝါးများရဲ့ တံခါးပေါက်တစ်ခုအဖြစ် သုံးစွဲခြင်းက အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်"လို့ အာဏာပိုင်တွေက ဆိုပါတယ်။
"စိတ်ဝင်စားစရာကောင်းတာက မီးခိုးနံ့နည်းနည်းပဲထွက်လို့ အခန်းထဲမှာ ဗိတ် လုပ်နေတာကို လူမသိနိုင်ပါဘူး” လို့ ဂျပန်နိုင်ငံအနောက်ပိုင်း၊ အိုဆာကာမြို့လယ်ရှိ မီနာမီဒေသတွင် စပျစ်သီးအရသာ နီကိုပတ်ဖ် ကိရိယာကို သုံးစွဲနေတဲ့ အသက် ၂၀ အရွယ် အချိန်ပိုင်းအလုပ်သမားတစ်ယောက်က ပြောပါတယ်။
လွန်ခဲ့သော တစ်နှစ်ခန့်က သူငယ်ချင်းတစ်ဦးက သူ့အား အဲ့ဒိကိရိယာ တစ်ခုပေးခဲ့တာဖြစ်လို့ နီကိုပက်ဖ်ကို စသုံးဖြစ်ခဲ့ပါတယ်။ “ကျနော်က လန်းဆန်းတဲ့အရသာကို ကြိုက်တယ်။ သူများတွေကို နီကိုပက်ဖ် ပေးတာဟာ တရားမ၀င်ဘူးဆိုတာ ငါမသိခဲ့ဘူး" လို့ ဆိုပါတယ်။
ပုံမှန်စီးကရက်တွေထက် ကုန်ကျစရိတ်သက်သာပြီး ဖက်ရှင်ကျတဲ့အတွက် စွဲလန်းမိပါတယ်။ ကျွန်မပတ်ဝန်းကျင် က လူတော်တော်များများက နီကိုပက်ဖ်ကို သုံးကြပါတယ်” လို့ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောပါတယ်။
အရောင်းဝဘ်ဆိုဒ်တစ်ခုတွင် ပန်းသီးနှင့် သရက်သီးကဲ့သို့သော အရသာအမျိုးမျိုးရှိသော တောက်ပသော အရောင်အသွေးရှိတဲ့ နီကိုပက်ဖ် ထုတ်ကုန်များကို တစ်ခုလျှင် ယန်းထောင်ပေါင်းများစွာနဲ့ ရောင်းချနေပြီး "စီးကရက်နှင့်တူသော စိတ်ကျေနပ်မှု" အပြင် "အရသာမျိုးစုံ" ရရှိတာဖြစ်လို့ အရောင်းအဝယ် ကောင်းတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံတွင်၊ အင်တာနက် သို့မဟုတ် အခြားနည်းလမ်းများဖြင့် ကိုယ်ရေးကိုယ်တာ အသုံးပြုရန်အတွက် နီကိုပက်ဖ် ထုတ်ကုန်များကို တင်သွင်းခြင်းအား တားမြစ်ထားပါတယ်။
နီကိုတင်းပါရှိတဲ့ ထုတ်ကုန်များကို စည်းမျဉ်းများအောက်တွင် အတည်မပြုရသေးပေမဲ့ ၎င်းတို့ကို ဂျပန်နိုင်ငံတွင် ရောင်းချခြင်းက ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းဥပဒေအား ချိုးဖောက်ခြင်းလို့ ယူဆထားပါတယ်။ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့၏ အဆိုအရ နီကိုပက်ဖ် နဲ့ ပတ်သက်တဲ့ အမှုအရေအတွက်တွေက ပြီးခဲ့တဲ့ နွေရာသီကတည်းက တိုးများလာတယ်လို့ သိရပါတယ်။
ယခုနှစ်မတ်လတွင် ရဲတပ်ဖွဲ့က ယင်းကဲ့သို့ ကုန်ပစ္စည်းများ ရောင်းချခြင်းအတွက် တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသားများကို အရေးယူခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားသည် ပြည်ပဝဘ်ဆိုဒ်များမှ ကုန်ပစ္စည်းများကို အကြိမ်ကြိမ်ဝယ်ယူကာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။
REF: The Nation
#MNP #News

No comments:
Post a Comment