Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နွေစပါးမျိုးစေ့ထုတ် ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံ

 


ကျောက်ဆည် ၊  မေ ၇

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယနေ့နက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ အင်ဒိုင်းကျေးရွာတွင်စိုက်ပျိုးထားသော နွေစပါးမျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မျိုးစေ့ထုတ်တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုမေးမြန်းခဲ့ရာ တောင်သူများက သိရှိလိုသည်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့ပြီး တောင်သူများအဆင်ပြေစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment