Pages

Pages

ရေနံချောင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား ကာကွယ်ဆေးထိုးနှံပေး



ရေနံချောင်း  ၊  မေ ၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေလွင်ဦး ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ဘဲဆိပ်ကျေးရွာအုပ်စု၊ ဘဲဆိပ်ကျေးရွာမှ နွားကောင်ရေ (၂၀၅) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်း ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းနှင့် အခြားမိတ်ဖက်ဌာဆိုင်ရာများက လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးအကြောင်းများ အသိပညာ‌ပေး ဟောပြောဆွေးနွေးခြင်းနှင့် မွေးမြူရေးအသိပညာ‌ပေး လက်‌ကမ်းစာ‌စောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment