တွံတေး၊ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ အခြေခံပညာဦးစီးဌာနရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွံတေးကျောင်းတွင်၂၀၂၆ ပညာသင်နှစ် သုံးထပ်ကွမ်းလူရည်ချွန်ရရှိသော မောင်ကောင်းမြတ်လင်းကို ယနေနံနက် ၈ နာရီအချိန်က ကံဘဲ့လမ်းဆုံမှစတင်၍ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
သုံးထပ်ကွမ်းလူရည်ချွန် မောင်ကောင်းမြတ်လင်းသည် သုံးထပ်ကွမ်းလူရည်ချွန်ဖြစ်လာဖို့အတွက် စာပေ၊ ဗဟုသုတ၊ ကာယ၊ ဥာဏ၊ စာရိတ္တ အဘက်ဘက်မှမလျှော့သော ဇွဲလုံလဝီရိယတို့ဖြင့် ကြိုးစားခဲ့ပြီး ယခုအခါ မောင်ကောင်းမြတ်လင်းသည်၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ ခုနှစ်တို့တွင် သုံးနှစ်ဆက်တိုက်ရရှိခဲ့သဖြင့် သုံးထပ်ကွမ်းလူရည်ချွန်ဖြစ်ကြောင်း သိရသည်။
သုံးထပ်ကွမ်းလူရည်ချွန် မောင်ကောင်းမြတ်လင်း၊ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်နှင့် ဆရာ၊ဆရာမများက ရွှေဆံတော်စေတီတော်မြတ်မှ ရွှေဆံတော်ဘုရားလမ်းအတိုင်း လမ်းဆင်းလျှောက်ရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။ အ.ထ.က (၂) ကျောင်းရှေ့အရောက်တွင် လေ့လာရေးစခန်းမှ ပြန်လည်ရောက်ရှိလာသော သုံးထပ်ကွမ်းလူရည်ချွန်မောင်ကောင်းမြတ်လင်းအား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တွံတေးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းလတ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းတို့က အောင်စံပယ်ပန်းကုံးများဖြင့် ဂုဏ်ပြုပန်းကုံးစွတ်ဂုဏ်ပြုပေးခဲ့သည်။ ဆက်လက်၍ အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်က ငွေသား (၂၀၀၀၀၀) ကျပ် ဂုဏ်ပြုပန်းစည်းအား ပေးအပ်ရာ မောင်ကောင်းမြတ်လင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် မော်တော်ယာဥ်များဖြင့် ကျောင်းအုပ်ဆရာကြီး ဦးဆောင်၍ မြို့တွင်းသို့ လှည့်လည်ကြရာ ဒေသခံများက သုံးထပ်ကွမ်းလူရည်ချွန်အား ကြိုဆိုဂုဏ်ပြုကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)
#MNP #News




No comments:
Post a Comment