မိုးညိုမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး‌ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး‌ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်


မိုးညို  ၊ မေ ၁၅

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က(ခြံကြီးစု)ကျောင်း၌ KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို မေ ၁၄ ရက် နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်မြို့၌ သင်တန်းတက်ရောက်ပြီးသော ဆွေးနွေးပွဲနည်းပြ ဆရာ၊ ဆရာမ ၁၄ ဦးက မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ၊ဆရာမ ၃၁၈ ဦးနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများမှာ မူကြိုတွင် ဖွံ့ဖြိုးမှု(၅)ရပ်၊ KG တွင် နယ်ပယ်(၆)ရပ်၊  Grade – 1 တွင် ဘာသာရပ်(၁၀)ခု၊ မူကြိုနှင့် KG ၊ Grade - 1 ချိတ်ဆက်သင်ကြားနည်းတို့ကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို မေလ ၁၄ ရက်မှ ၂၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)