မေ - ၄ ( တနင်္လာနေ့ )
ဩစတြေးလျအလယ်ပိုင်းရှိ ရဲများက ပြီးခဲ့သည့် သီတင်းပတ်ကဖြစ်ပွားခဲ့တဲ့ အဲလိုက်နွေဦးအဓိကရုဏ်းတွင် ပါဝင်ခဲ့တဲ့ လူ ၁၃ ဦးကို ဖမ်းဆီးကာ စွဲချက်တင်ပြီးနောက် ဒီကနေ့ နောက်ထပ် ၁၉ ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
မကြာသေးမီက စွဲချက်တင်ခံရသူများကို ရှဲလ်အိတ်စ်ပရက်ကုန်စုံဆိုင်နှင့် ပစ်ဂလက် စူပါမားကတ်တို့အား ဖောက်ထွင်းခဲ့ကြောင်း စီစီတီဗီ မှတ်တမ်းမှ တစ်ဆင့်ခြေရာခံလိုက်ခဲ့တယ်လို့ မြောက်ပိုင်းနယ်မြေ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
စွဲချက်တင်ခံထားရတဲ့ အမျိုးသမီးငါးဦးကတော့ အသက် ၂၄၊ ၃၆၊ ၃၆၊ ၄၃ နှင့် ၄၈ နှစ်များဖြစ်ပြီး အမျိုးသား ခြောက်ဦးနှင့် လူငယ်တစ်ဦးကတော့ အသက် ၁၇၊ ၂၀၊ ၂၆၊ ၂၉၊ ၃၂၊ ၃၆ နှင့် ၄၄ နှစ်များအဖြစ် ဖော်ထုတ်ခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် အမျိုးသားကိုတော့ တရားမဝင် ပြင်းထန်စွာ ထိခိုက်နစ်နာစေမှု၊ ကျူးလွန်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု အမိန့်ကို ဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။ အများစုကတော့ ဖောက်ထွင်းမှုနှင့် ခိုးမှု အပါအဝင် အခြားသော စွဲချက်များနှင့် ရင်ဆိုင်နေရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီး နောက်ထပ်ဖမ်းဆီး ရမိဖွယ်ရာများ ရှိနေသေးကြောင်း သိရပါတယ်။
ဩစတေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေရှိ ဝေးလံခေါင်သီသောမြို့၌ ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းသည် သောကြာနေ့ နံနက်ပိုင်းအထိ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး ပျောက်ဆုံးပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့က ဆေးရုံတစ်ခုရဲ့အပြင်ဘက်မှာ ဖမ်းဆီးရာ၌ အဓိကရုဏ်းဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
အဓိကရုဏ်းမှာ ရဲအရာရှိများ၊ မီးသတ်သမားများနှင့် အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းများ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
REF: UPI
#News #MNP



No comments:
Post a Comment