Pages

Pages

အမေရိကန်က မဟာမိတ်နိုင်ငံတွေပဲလိုတယ်၊ ထောက်ပံ့ရမယ့်နိုင်ငံတွေ မလိုဘူးလို့ ဆို


မေ- ၃၀ ( စနေနေ့ ) 

အမေရိကန်နိုင်ငံအနေဖြင့် "ချမ်းသာကြွယ်ဝသော" မဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးကဏ္ဍအတွက် ဆက်လက်ပြီး ထောက်ပံ့ကြေးပေးတော့မည်မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်က ပြောကြားလိုက်ပါတယ်။ သူ့စကားကြောင့် စစ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့  နေတိုး (NATO) အဖွဲ့ဝင် ဥရောပနိုင်ငံများအကြား ကာလရှည်ကြာဖြစ်ပွားနေသော အငြင်းပွားမှုကို ပြန်လည်အသက်သွင်းလိုက်သလိုဖြစ်သွားပါတယ်။ သူက သောကြာနေ့က စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ အဓိကလုံခြုံရေး ထိပ်သီးအစည်းအဝေး တစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

မဟာမိတ်နိုင်ငံများအနေနဲ့ စစ်ရေးအသုံးစရိတ်ကို ပိုမိုတိုးမြှင့်ရန် ထရမ့်အစိုးရအဖွဲ့ရဲ့ တွန်းအားပေးမှုကို ဟက်ဂ်ဆက်က ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာနှင့် ဆက်စပ်ဖော်ပြခဲ့ပြီး၊ အဲ့ဒိမဟာဗျူဟာမှာ အင်ဒို-ပစိဖိတ်ဒေသသို့ အရင်းအမြစ်များ ပြောင်းလဲရွှေ့ဆိုင်းရန် နဲ့ ဒေသတွင်း၌ တရုတ်နိုင်ငံ၏ "ကြီးစိုးလွှမ်းမိုးမှု"ကို တန်ပြန်ရန်အတွက် ဖြစ်ပါတယ်။ 

"ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေရဲ့ ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ပြည်ထောင်စုက စိုက်ထုတ်ထောက်ပံ့ပေးနေတဲ့ ခေတ်ကာလဟာ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ လိုအပ်တာက ကိုလိုနီနိုင်ငံတွေလို အကာအကွယ်ပေးထားရမယ့် နိုင်ငံတွေ  မဟုတ်ဘဲ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မယ့် မဟာမိတ်တွေ  ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ပါးသူအပေါ် မှီခိုနေတာမျိုး မဟုတ်ဘဲ တာဝန်ယူမှုကို အတူတကွ ပူးတွဲထမ်းဆောင်ခြင်းအပေါ် အခြေခံတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကိုပဲ ရှာဖွေတည်ဆောက်သွားမှာပါ"လို့ ဟက်ဂ်ဆက်  က နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) ရဲ့ နှစ်ပတ်လည် ရှန်ဂရီလာ ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ကြောင်း စစ်ပွဲရေးရာဝန်ကြီးဌာန  ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment