ပခုက္ကူ၊ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ရက်ကစတင်ကျင်းပလျက်ရှိရာ စမ်းရေမိုးဇာတ်အလှသဘင် လာရောက်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။
"သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း မေလ ၂၃ရက်စတင်ပြီး ဇွန်လ၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မေလ ၂၈ရက်မှ ၃၀ရက်အထိ စမ်းရေမိုးဇာတ်အလှ သဘင်ဖျော်ဖြေလျက်ရှိပြီး ဇွန်လ ၃ရက်မှ၇ရက်အထိ ကောင်းစစ်ဟိန်းဇာတ်အဖွဲ့မှ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း၊ ပွဲတော် ကာလအတွင်း ခေတ်ပေါ်အဝတ်အထည်ဒီဇိုင်းအရောင်းဆိုင်များ၊ ချက်ပြုတ်ရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ အညာဒေသထွက် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊တောင်သူလယ်သမားသုံးပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာ ပစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများစသည်ဖြင့် ရပ်နီးရပ်ဝေးမှဈေးသည်များ၊ ဒေသခံဈေးသည်များအပြင် မိဘပြည်သူများ စိတ်အပန်းပြေနိုင်စေရေးအတွက် ကလေးကစားစရာနေရာများ၊ ပင်လယ်ဓားပြအပါအဝင် အပျော်စီးနေရာများစီစဉ်ထည့်သွင်း လျက်ရှိကြောင်း၊ မေလ ၂၄ရက်မှ၂၆ရက်အထိ ထွန်းထွန်းဝင်းရုပ်စုံသဘင်လည်းကျင်းပခဲ့ကြောင်း" ဘုရားကြီးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးလှဖုန်း ထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News






No comments:
Post a Comment