အမေရိကန်စစ်သားတွေကို ဥရောပမှာ မထားတော့ဘူး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်စစ်သားတွေကို ဥရောပမှာ မထားတော့ဘူး


မေ - ၄ ( တနင်္လာနေ့ ) 

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နေတိုးအဖွဲ့တို့ကြား သဘောထားကွဲလွဲမှုတွေ  ဖြစ်ပေါ်ပြီးနောက်မှာတော့ အမေရိကန်က ဥရောပ လုံခြုံရေးအတွက် ဥရောပနိုင်ငံတွေမှာ ထားရှိတဲ့ အမေရိကန်စစ်သားတွေကို စတင်ဆွဲထုတ်နေပါပြီ။

လောလောဆယ် ဂျာမနီမှ တပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို ဆုတ်ခွာရန် ပင်တဂွန်က အမိန့်ပေးထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခုလုပ်နေတဲ့ ရုပ်သိမ်းမှုက အစသာရှိကြောင်း သတိပေးလိုက်ပါတယ်။ အမေရိကန်အစိုးရက အီရန်စစ်ပွဲ၊ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန်တောင်းဆိုမှု နဲ့ ဂရင်းလန်းအရေးအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး  ထရမ့်အစိုးရ နဲ့ ဥရောပနေတိုးအဖွဲ့ဝင်များကြား ပြင်းထန်စွာ သဘောထားကွဲလွဲမှုတွေကြောင့် အခုလိုပဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

အမေရိကန်စစ်သားတွေ ဥရောပ ကနေ ဆွဲထုတ်တဲ့ လုပ်ငန်းစဉ်တွေကို ၆ လ ကနေ ၁နှစ်အတွင်းမှာ အပြီးလုပ်မယ် လို့ ပင်တာဂွန်က သောကြာနေက ကြေညာခဲ့ပါတယ်။ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ် က "ဆုံးဖြတ်ချက်သည် ဥရောပရှိ အမေရိကန် စစ်အင်အားအနေအထားကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ပြီး လက်တွေ့ဆန်ဆန်ပဲ လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။ 

အမေရိကန်ဘက်က အီရန်စစ်ပွဲမှာ အကူအညီမပေးတဲ့ ဥရောပ နိုင်ငံတွေအားလုံးက အမေရိကန်တပ်ဖွဲ့တွေကို ဆွဲထုတ်မှာ လို့ဆိုထားပြီး လက်တလော ဂျာမနီက စစ်သားတွေကို စတင်ဆွဲထုတ်နေသလို စပိန်နဲ့ အီတလီက စစ်စခန်းတွေကိုလည်း ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။  ဂျာမနီမှာရှိတဲ့ တိုမာဟောက်ခ်တာဝေးပစ် ဒုံးကျည်ပစ်တဲ့ အမေရိကန်တပ်ရင်းတစ်ရင်းကို ဖျက်သိမ်းလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ 

ဂျာမနီသည် ဥရောပတွင် အမေရိကန်ရဲ့ အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ တည်ရှိရာနေရာဖြစ်ပြီး လက်ရှိတွင် အမေရိကန် စစ်သည် ၃၆,၀၀၀ ကျော်ကို လက်ခံထားပါတယ်။ နိုင်ငံရပ်ခြားရှိ အမေရိကန်ရဲ့အကြီးဆုံး  စစ်ဘက်ဆိုင်ရာ ဆေးရုံ အပါအဝင် အရေးကြီးသော လေ့ကျင့်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ရှိရာနေရာလည်းဖြစ်ပါတယ်။ စုစုပေါင်း၊ ဥရောပတွင် အမေရိကန်တပ်ဖွဲ့ဝင် ၈၀,၀၀၀ ကျော်ရှိပြီး အများအပြားသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ဘိုင်ဒင်အစိုးရက ဥရောပသို့ ပို့ထားတဲ့ စစ်သားတွေ ဖြစ်ပါတယ်။  


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)