ဂန့်ဂေါ မေ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြောက်ကုန်းရပ်ကွက်ရှိ သမိုင်းဝင်ရွှေပြည်ဆိပ်ဦး စေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့် စေတီတော်များအား ရေသပ္ပာယ်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးစေတီတော်မြတ်ကြီး၏ ပုရဝုဏ် အတွင်းရှိ အမှိုက်သရိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘုရားစေတီတော်များအား ရေသပ္ပာယ်ခြင်းများကို ဂန့်ဂေါခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း၍ ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ၂၀၂၆ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#MNP #News






No comments:
Post a Comment