ကုန်တင်သင်္ဘောတွေကို အီရန်ဘက်က လှမ်းပစ်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုန်တင်သင်္ဘောတွေကို အီရန်ဘက်က လှမ်းပစ်ပြီ


မေ - ၄ ( တနင်္ဂလာနေ့ ) 

မနေ့က ဟော်မုဇ်ရေလက်ကြားအနီးတွင် ကုန်တင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်း ကုန်သွယ်မှု စစ်ဆင်ရေး (UKMTO) ရဲ့အဆိုအရ သိရပါတယ်။ 

လက်ရှိအနေအထားက မဟာဗျူဟာကျတဲ့ ဟော်မုဇ် ရေလက်ကြားအဝင်အထွက်ကို အီရန်နဲ့ အမေရိကန်တို့က  နှစ်ထပ်ပိတ်ဆို့ ထားပါတယ်။ ရေလက်ကြား ရဲ့ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ရေလက်ကြားထဲကိုဝင်မယ့် သင်္ဘောတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားပါတယ်။ အီရန်ကလည်း ရေလက်ကြားထဲကို သူတို့ရဲ့ သဘောမပါဘဲ ဝင်၊ ထွက်မဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်ဆိုပြီး ပိတ်ဆို့ထားတာပဲ ဖြစ်ပါတယ်။ 

ယူအေအီးမြို့ ရက်စ်အယ်လ်ခိုင်မား အနီးရှိ သင်္ဘောအများအပြားအား ကျောက်ချရပ်နားစခန်းမှ ထွက်ခွာပြီး ဒူဘိုင်းသို့ ပြောင်းရွှေ့ရန် ရေဒီယိုမှ ပထမအကြိမ်သတိပေးချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သိပ်မကြာခင်မှာပဲ အီရန်နိုင်ငံ၊ ဆီးရစ်မြို့ ရဲ့ အနောက်ဘက် ၁၁ မိုင်အကွာမှာ ရေယာဉ်ငယ်မျိုးစုံနဲ့ မြောက်ဘက်ကို ထွက်ခွာလာတဲ့ ကုန်မာပစ္စည်းတင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ နာရီအနည်းငယ်ကြာပြီးနောက် ယူအေအီးနိုင်ငံ ဖူဂျေရာမြို့ မြောက်ဘက် ရေမိုင် ၇၈ မိုင်ခန့်အကွာတွင် အမည်မသိ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရလို့ ရေနံတင်သင်္ဘောတစ်စင်း ထိမှန်ခဲ့ပါတယ်။ ၂စင်းစလုံးမှ သင်္ဘောသားအားလုံး ဘေးကင်းသလို ပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း UKMTO မှ အစီရင်ခံခဲ့ပါတယ်။  

ဒီနေ့ကစပြီး ရေလက်ကြားကိုဖြတ်ဖို့ အမေရိကန်နိုင်ငံအနေနဲ့  ကြားနေနိုင်ငံများမှ သင်္ဘောများကို ပို့ဆောင်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ပြောထားတာရှိပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နှင့် အမေရိကန်၊ အစ္စရေးစစ်ပွဲ စတင်ချိန်မှစ၍ ဟော်မုဇ်အနီးတစ်ဝိုက်တွင် သင်္ဘောအစီးရေ ၂၀၀၀ ခန့် ပိတ်မိနေခဲ့ပါတယ်။ 

အဇီးယော့ သတင်းဌာနအဆိုအရ အမေရိကန်သည် အီရန်ဘက်က ထောင်ထားတဲ့ ရေမြုတ်မိုင်းတွေ ကင်းစင်တဲ့ လမ်းကြောင်းများအကြောင်းကို ကုန်တင်သင်္ဘောများအား ပံ့ပိုးပေးမှာဖြစ်ပြီး အမေရိကန်ရေတပ်သင်္ဘောများက ရေလက်ကြားဖြတ်သွားသော သင်္ဘောများကို အီရန်ဘက်ကတိုက်ခိုက်လာရင် တားဆီးပေးမယ်လို့ ဆိုထားပါတယ်။ 

အီရန်ဘက်ကတော့ လွန်ခဲ့တဲ့ တစ်လနီးပါးက ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးမူကို ချိုးဖောက်ပါက ဘာမဆို ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ရေလက်ကြားကို ထိန်းချုပ်ရန်က အီရန်ရဲ့ “သဘာဝအခွင့်အရေး” ဖြစ်ကြောင်း နဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုရလဒ်က ဘယ်လိုဖြစ်ပါစေ အဲ့ဒိအခွင့်အရေးကို နောက်ဆုတ်ပေးမှာ မဟုတ်ကြောင်း ပါလီမန် ဒုတိယ ဥက္ကဋ္ဌ အလီနစ်ခ်ဇတ် က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)