မေ - ၄ ( တနင်္လာနေ့ )
ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ ဇာပိုရိုဇီ နျူကလီယား ဓာတ်အားပေးစက်ရုံ (ZNPP) ရှိ ပြင်ပ ဓာတ်ရောင်ခြည် ထိန်းချုပ်ရေးဓာတ်ခွဲခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစက်ရုံရဲ့ တယ်လီဂရမ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ရုရှား - ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် မကြာမီ ၂၀၂၂ ခုနှစ်တွင် အဆိုပါဒေသက ရုရှားရဲ့ ထိန်းချုပ်မှု အောက် ကျရောက်ခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့များသည် ဥရောပရဲ့အကြီးဆုံး နျူကလီးယား စက်ရုံကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက အဆိုပါဒေသတွင်း ပြည့်သူ့ဆန္ဒခံယူပွဲ လုပ်ပြီး ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီတွင် ရုရှားနှင့် ပူးပေါင်းရန် တရားဝင်မဲပေးခဲ့တာကြောင့် အဆိုပါ ဓာတ်အားပေးစက်ရုံက ရုရှားပိုင်ဖြစ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ တိုက်ခိုက်မှုတွင် ယူကရိန်းဒရုန်းတွေရဲ့ ပစ်မှတ်ထားခံလိုက်ရတဲ့ ဓာတ်ခွဲခန်း နဲ့ ပတ်သက်ပြီး စက်ရုံရှိ ဓာတ်ရောင်ခြည်သင့်ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် နဲ့ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများကို စီစဉ်ဖို့ရာအတွက် အရေးတကြီးလုပ်နေပါတယ်လို့ စက်ရုံမှူးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ “အခုတိုက်ခိုက်မှုက နျူကလီးယားလုံခြုံရေးအတွက်သာမက ဓာတ်ရောင်ခြည်ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းချုပ်မှုစနစ်အတွက်ပါ ခြိမ်းခြောက်မှုဖြစ်စေခဲ့ပါတယ်”လို့ ၎င်းကဆိုပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) စောင့်ကြည့်ရေး အဖွဲ့ကလည်း ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆောလျင်စွာ သတိပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ သည်။ အဖွဲ့ရဲ့ ကြေညာချက်အရကတော့ တိုက်ခိုက်မှုက ပြင်းထန်တဲ့ ပျက်စီးခြင်း သို့မဟုတ် အသေအပျောက် တစ်စုံတစ်ရာ မဖြစ်ပေါ်စေသလို ဓာတ်အားပေးစက်ရုံရဲ့ လည်ပတ်မှုကို အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူးလို့ သိရပါတယ်။
IAEA အကြီးအကဲ ရာဖေးဂရော့စီကတော့ "နျူကလီးယားဆိုက်များအနီးတွင် မည်သည့်တိုက်ခိုက်မှုမဆို နျူကလီးယားဘေးကင်းရေး အန္တရာယ်ဖြစ်စေနိုင်တယ်" လို့ ဆိုပြီး ယူကရိန်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment