ပခုက္ကူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံ



ပခုက္ကူ၊ မေ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းကစတင်ပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများဆောင်ရွက်ကြရာ ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက် အပ်နှံကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူများမှ ကျောင်းသား၊ကျောင်းသူများလာရောက်အပ် နှံမှုအား သက်ဆိုင်ရာအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၅ရက်မှ ၃၁ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)