ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော် ပြုပြင်မွမ်းမံရေးလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော် ပြုပြင်မွမ်းမံရေးလုပ်ငန်းများဆောင်ရွက်


နေပြည်တော်၊ မေ ၈

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့် မြေထိန်း နံရံကြံ့ခိုင်ရေးလုပ်ငန်းများ၊ တံခွန်တိုင်တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရင်ပြင်တော်ပတ်လမ်း ကွန်ကရစ်ခင်းကျင်းနေမှုအခြေအနေနှင့် အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်တို့ရှိ ဓာတ်လှေကားနှစ်စင်း တည်ဆောက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက ရင်ပြင်တော်ပတ်လမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးမှု၊ အောက်ပစ္စယံ၊ အထက်ပစ္စယံကျောက်ကြီးစီ မြေထိန်းနံရံကြံ့ခိုင်ရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီးမှု၊ လိုဏ်ဂူတော်အတွင်း ၂ ပေပတ်လည် စကျင်(Marble) ကျောက်ပြား ခင်းကျင်းမှု ၈၀ ရာခိုင်နှုန်းပြီးစီးမှု၊ စေတီတော်ကြီး၏ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် ပြုပြင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် အလှူရှင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေ ဦးဝင်းသန်း - ဒေါ်ရီရီဝင်း သားသမီး မြေးတစ်စုက လှူဒါန်းငွေကျပ်သိန်း ၅၀၀ ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီးကျေးဇူးတင်စကားပြောကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)