တွံတေး ၊ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှုခင်းကျဆင်းစေရေး ရည်ရွယ်၍ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေဆံတော်ရပ်ကွက်၊ တိလောကဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ဦးစွာ တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးက မှုခင်းများ လျော့နည်းကျဆင်းစေရေး ဥပဒေဘောင်အတွင်းမှ ပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်နိုင်ရေးနှင့် ဥပဒေဆိုင်ရာ ဗဟုသုတများ ရရှိစေရေးအတွက် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခဲ့သည်။ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်ပြည်သူ (၁၅၀)ဦးခန့်အား မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment