ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အလုပ်သမားများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အလုပ်သမားများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များနှင့် တွေ့ဆုံ


မန္တလေး၊ မေ ၁၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ၁၆-၅-၂၀၂၆ ရက်နေ့က နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Unit)ဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းအစီအစဉ်ကို ကြည့်ရှုအားပေးသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်- ၁ ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား ၇ဝ၆ ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား ၁၀၉ ဦးတို့ကို ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး စက်ရုံအလုပ်သမားများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာများ ဆွေးနွေးသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ ကျော်ညိုမြတ်ကုမ္ပဏီသို့ သွားရောက်၍ စက်ရုံလည်ပတ်မှုအခြေအနေများနှင့် မန္တလေးမြို့ရှိ အလုပ်သမားရေးရာ တိုင်းဒေသကြီးရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


မြင့်မော်ထွန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)