ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များရှိ ဆက်သွယ်ရေးစခန်းနှင့် စာတိုက်စခန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များရှိ ဆက်သွယ်ရေးစခန်းနှင့် စာတိုက်စခန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၁

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် ၉-၅-၂၀၂၆ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့များရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးစခန်းများ၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စာတိုက်စခန်းများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဆက်သွယ်မှုအစဉ်ကောင်းမွန်စေရေး၊ ချွတ်ယွင်းပြတ် တောက်မှုများဖြစ်ပါက အမြန်ဆုံးပြန်လည်ကောင်းမွန်အောင်ပြုပြင်ရေး၊ စာတိုက်များသည် ရှေးဟောင်းအဆောက်အအုံများဖြစ်၍ ထိန်းသိမ်းပြုပြင်ရေးနှင့် ပြည်သူများက အားထားရသည့်ဝန်ထမ်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

မေ ၈ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေးရုံးကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)