ယူကရိန်းဒရုန်းတွေကို မကာကွယ်နိုင်လို့ လက်ဗီးယားဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီးကို အလုပ်ဖြုတ်ပစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းဒရုန်းတွေကို မကာကွယ်နိုင်လို့ လက်ဗီးယားဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီးကို အလုပ်ဖြုတ်ပစ်


မေ - ၁၁ ( တနင်္လာနေ့ ) 

လက်ဗီးယားပိုင်နက်တွင် ယူကရိန်းဒရုန်းတွေက ရေနံသိုလှောင်ရုံများကို ဝင်တိုက်ခိုက်ပြီးနောက်မှာတော့ ဝန်ကြီးချုပ် အီဗီကာဆီလီနာ က ကာကွယ်ရေးဝန်ကြီး အန်ဒရီစပရဒ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ 

"ဒီသီတင်းပတ်တွင်းဖြစ်သွားတဲ့ ဒရုန်းတွေရဲ့တိုက်ခိုက်မှုက ကျမတို့ နိုင်ငံအပေါ် လုံခြုံတဲ့ ကောင်းကင်တစ်ခုပေးဖို့ ကာကွယ်ရေးကဏ္ဍရဲ့ ဦးဆောင်မှု ပျက်ကွက်ခြင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရပါတယ်" လို့ ဆီလီနာက သူမရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ စပရဒ် သည် သူမရဲ့ ယုံကြည်မှုနှင့် လူအများ၏ယုံကြည်မှု ကို ဆုံးရှုံးခဲ့ရကြောင်း သူမက ဆိုပါတယ်။ 

ဒါပေမဲ့ စပရဒ်ကတော့ သူကိုယ်တိုင် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ အဲ့ဒါကို ဝန်ကြီးချုပ်က နိုင်ငံရေး အကြောင်းပြချက်ဖြင့် ထုတ်ပယ်ရန် အလျင်စလို ကြေညာခဲ့တာဖြစ်ကြောင်းနဲ့  ဝန်ကြီးချုပ်ရဲ့ တိုးတက်ရေးပါတီကို ကြိုတင်အကြောင်းကြားရန် လိမ်လည်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ 

အဲ့လိုပြဿနာတွေက ဘော်လ်ကန်ဒေသက နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုများနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ တိုးလာနေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ 

ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေတိုးနိုင်ငံ အတော်များများဟာ မကြာသေးခင်ကပဲ ယူကရိန်းဒရုန်းတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကို ခံနေရပါတယ်။ ယူကရိန်း ဒရုန်းတွေက ရုရှားကို တိုက်ခိုက်ဖို့ ပုံမှန်လမ်းကြောင်းတွေကို ရှောင်ရှားပြီး ရုရှားနယ်စပ်နိုင်ငံတွေရဲ့ လေကြောင်းတွေထဲကို ဝင်ပြီး ရုရှားကို လာရောက်တိုက်ခိုက်နေကြတာပါ။ ဒါပေမဲ့ အချို့ဒရုန်းတွေက လမ်းမှာတင်ပျက်ကျခဲ့ပြီး အောက်ကရပ်ရွာတွေမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆီဘီဂါကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ဗီးယားအပါအဝင် ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံနဲ့ ဖင်လန်တို့ကို တောင်းပန်ခဲ့ရတယ်လို့ သောကြာနေ့အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)