ဖယ်ခုံမြို့တွင် နေရပ်ပြန်ပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖယ်ခုံမြို့တွင် နေရပ်ပြန်ပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိ




 ဖယ်ခုံ၊ မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး Drဝင်းနိုင် ဦးဆောင်၍ ကလောခရိုင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-ခရိုင်ကုသရေး ဦးစီးဌာနမှူးဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူနှင့်အတူ ဆေးအဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများအား အထူးကွင်းဆင်းဆေးကုသရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉နာရီက ဖယ်ခုံမြို့နယ်ခန်းမ၌ အခမဲ့လာရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့်အတူ ကလောခရိုင်ပြည်သူ့ဆေးရုံမှ ဒု-ခရိုင်ကုသရေးဦးစီးဌာနမှူးဆေးရုံအုပ်၊ (ခွဲစိတ်)အထူးကုဆရာဝန်၊ (အရိုး)အထူးကုဆရာဝန်၊ (ဆေးပညာ)အထူးကုဆရာဝန်၊ (မေ့ဆေး)အထူးကုဆရာဝန်၊ (ကလေး)အထူးကုဆရာဝန်၊ (ဓါတ်မှန်) အထူးကုဆရာဝန်၊(သားဖွားမီးယပ်)အထူးကုဆရာဝန်၊သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသရေးအဖွဲ့တို့သည် ဖယ်ခုံမြို့နေရပ်ပြန်ပြည်သူများနှင့် မိုးဗြဲကျေးရွာမှနေရပ်ပြန်ပြည်သူများအား ကွင်းဆင်း ကုသဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပေးကြောင်းသိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)