အီရန်ရေနံ ဝယ်တဲ့ အိန္ဒိယကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ရေနံ ဝယ်တဲ့ အိန္ဒိယကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူ


မေ - ၃၁ ( တနင်္ဂနွေနေ့ ) 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု ချမှတ်ခြင်းခံရမည့် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များဆိုင်ရာ နောက်ဆုံးစာရင်းထဲမှာ အီရန်နိုင်ငံရဲ့ ရေနံကုန်သွယ်မှုနဲ့ ဆက်နွှယ်နေတဲ့ အိန္ဒိယကုမ္ပဏီ တစ်ခုကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ 

အရှေ့အလယ်ပိုင်းပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်က မစွမ်းဆောင်နိုင်တော့လို့ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုများကို တိုးပြီးလုပ်နေချိန်မှာ အီရန်နိုင်ငံကို ပိုမိုဖိအားပေး ချုပ်ကိုင်ရန် အမေရိကန်က ကြိုးပမ်းလာပြီး အခုလို လုပ်ရပ်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင် ပိတ်ဆို့အရေးယူခံရတဲ့ အိန္ဒိယ ရေနံဓာတုကုန်သွယ်ရေးကုမ္ပဏီမှာ ရီရှပ်ထရီအိတ်စ်ဇင် ဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုပါကုမ္ပဏီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နဲ့  ဩဂုတ်လ အကြား အမေရိကန် ကုမ္ပဏီအမြောက်အမြားထံသို့ အမေရိကန်ဒေါ်လာ ၅၄.၆ သန်း တန်ဖိုးရှိ အီရန်နိုင်ငံထုတ် ရေနံဓာတုပစ္စည်းများကို တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒိကုမ္ပဏီရဲ့ စီးပွားဖက်ပါတနာဖြစ်သူ ဆွာရုဂေယန်တီလယ်ဘာဂရီချာ ကိုလည်း ပိတ်ဆို့အရေးယူထားပါတယ်။ 

ဩစတြေးလျ၊ တရုတ် နဲ့ ဥရောပသမဂ္ဂ (EU) တို့နဲ့မတူဘဲ အိန္ဒိယအစိုးရက ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့် ပြည်ပနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို လိုက်နာခြင်းမှ တားမြစ်ပိတ်ပင်တဲ့ 'တုံ့ပြန်ပိတ်ဆို့မှုဥပဒေ' တစ်စုံတစ်ရာ ပြဋ္ဌာန်းထားခြင်း မရှိတာကြောင့်  အိန္ဒိယစီးပွားရေးလုပ်ငန်းများသည် သွယ်ဝိုက်သော ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ ခံရနိုင်ခြေ ပိုမိုမြင့်မားလျက်ရှိပါတယ်။ 

ကမ္ဘာ့တတိယအကြီးဆုံး ရေနံဝယ်ယူသူဖြစ်တဲ့ အိန္ဒိယနိုင်ငံသည် ၎င်း၏ ရေနံလိုအပ်ချက် ၈၅ ရာခိုင်နှုန်းခန့်ကို ပြည်ပမှတင်သွင်းမှုအပေါ် မှီခိုနေရသဖြင့် စွမ်းအင်စျေးနှုန်း မြင့်တက်လာမှုများနှင့် ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် ကုန်စည်စီးဆင်းမှု ကွင်းဆက်များ ပြတ်တောက်သွားနိုင်ခြေတို့အပေါ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါတယ်။ 

ထရမ့်အစိုးရကတော့ အဲ့ဒိအခြေအနေကို သုံးသပ်ပြီး အိန္ဒိယနိုင်ငံထံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့အရည် (LNG) အဓိကပါဝင်တဲ့ စွမ်းအင်အရင်းအမြစ်များကို ပိုမိုရောင်းချနိုင်မယ့် အခွင့်အလမ်းတစ်ခုအဖြစ် မြင်တွေ့နေပါတယ်။ 

ပြီးခဲ့သည့်အပတ်က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အိန္ဒိယနိုင်ငံသို့ မလာမီ မိုင်ယာမီ သတင်းစာ ရှင်းလင်းပွဲမှာ 'သူတို့ (အိန္ဒိယ) ဝယ်ယူသမျှ စွမ်းအင်တွေကို ကျနော်တို့ အတတ်နိုင်ဆုံး ရောင်းချပေးချင်ပါတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ စွမ်းအင်ရောင်းချမှု ကဏ္ဍမှာ ပိုမိုကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေချင်ပါတယ်'လို့ ပြောထားတာရှိပါတယ်။ 

အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး  ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် က "အိန္ဒိယနိုင်ငံရဲ့ရေနံဝယ်ယူမှုအပေါ် အမေရိကန်ရဲ့ ဖိအားပေးမှုများက ခေတ်သစ်ကိုလိုနီဝါဒ ဖြစ်ကြောင်း" ပြောသွားပါတယ်။  

အိန္ဒိယအစိုးရက ၂၀၂၂ ခုနှစ်ကတည်းက ရုရှားရေနံတင်သွင်းမှုကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများရဲ့ စဉ်ဆက်မပြတ် ဖိအားပေးမှုများ ရှိနေလင့်ကစား ၎င်းရဲ့ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုရှားရေနံစိမ်းအပေါ်  ဆက်လက်မှီခိုနေဆဲဖြစ်ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)