မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာရေးနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာရေးနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး




နေပြည်တော်၊ မေ ၁၄

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅)နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ 

ထို့ပြင် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)