ကန့်ဘလူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး




ကန့်ဘလူ  ၊ မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဇေယျာရွှေမြေတောင်သူကြီးများနားနေဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ခရိုင်မန်နေဂျာ ဒေါ်စန်းစန်းအေးက ၂၀၂၆ ခုနှစ် မိုးရာသီချေးငွေမူဝါဒစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်မှ တောင်သူ ၂၆ ဦး၏ မိုးစပါး ၈၅ ဧကအ တွက် ၁ ဧကလျှင်ကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် ချေးငွေပေါင်း ၂၅,၅၀၀,၀၀၀ ကိုထုတ်ချေးပေးခဲ့သည်။

ဆက်လက်၍ အချိန်စေ့ရောက်ပြီးသည့် ချေးငွေများကျေပွန်စွာပေးဆပ်ပြီးသည့် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)