မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးရမိ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် အဆောက်အအုံများ သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးရမိ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် အဆောက်အအုံများ သိမ်းဆည်းရမိ






နေပြည်တော်၊ မေ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ် ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာဖော်ထုတ်အရေးယူဆောင်ရွက်နေသည့်အပြင် နိုင်ငံ တကာနှင့်ပူးပေါင်း၍လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များကို ပြတ်ပြတ်သားသားကိုင်တွယ် အရေးယူဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မိုင်းရှူးမြို့နယ်၊ ဟိုပုံကျေးရွာ အနီး သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းရှူး-မိုင်းစံဒေသ၊ သံလွင်မြစ် အနောက်ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ် ခန့်တွင် မိုင်းရှူးမြို့၏အရှေ့တောင်ဘက်၂၆ ကီလိုမီတာခန့်အကွာ၊ လွယ်ဆောင်ထောက် ကျေးရွာ၏အရှေ့တောင်ဘက် ၁၁ ကီလိုမီတာခန့် သံလွင်မြစ်အနီး၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သံလွင်မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာ၏ အရှေ့ဘက် ၉ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖျက်ဆီးထားသော အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ အိပ်စင်ပါ လူနေဆောင် ၂ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိတစ်ဖွဲ့သည် လုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဝါးတဲ ၃၀ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ စားချက်ဆောင် ၁ လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော် ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုအမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ဒေသအတွင်း အွန်လိုင်းလောင်း ကစားနှင့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများမရှိစေရေး ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)