Pages

Pages

ပေါင်မြို့နယ်၌ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား သောက်သုံးရေလှူဒါန်




ပေါင်၊ မေ ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကျွဲခြံကျေးရွာ၊ မွန်စုပိုင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့သည်။

အဆိုပါလှူဒါန်းမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကို ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တို့က ဂါလံ(၁၆၀၀)ရှိ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ကျေးရွာရှိသောက်သုံးရေလိုအပ်လျက်ရှိသောနေအိမ်များသို့ အိမ်တိုင်ရာရောက် သောက်သုံးရေများ (အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment