Pages

Pages

ဗွန်ဒါလီယန် တစ်ယောက် ပြုတ်စော်နံနေပြီလို့ ပြောနေကြပြီ


မေ - ၁ ( သောကြာနေ့ ) 

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယံ  ရဲ့ စံနှုန်းနှစ်မျိုး နိုင်ငံခြားရေးမူဝါဒ နဲ့ ဥရောပသမဂ္ဂ( အီးယူ ) အဖွဲ့ဝင်  နိုင်ငံသားတွေရဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်ခြင်းအား အကာအကွယ်မပေးနိုင်တာတွေကြောင့် အီးယူ ဥပဒေပြုအမတ်များက သူမအား ရာထူးကနေ ဖယ်ရှားပစ်ဖို့အတွက် ကြိုးစားနေကြပြီ လို့ သိရပါတယ်။ 

အီးယူရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ မဟာဗျူဟာ နဲ့ စွမ်းအင်လုံခြုံရေးဆိုင်ရာကိစ္စတွေအပေါ်  တုံ့ပြန်မှုတွင် ရှင်းလင်းပြတ်သားသော ဦးတည်ချက်နဲ့ ညီညွတ်ခြင်းမရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေပေါ်လာတဲ့ ပါလီမန်အတွင်း ဗုဒ္ဓဟူးနေ့က စကားစစ်ထိုးပွဲ မှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေက သူတို့ရဲ့ စိတ်ပျက်မှုတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။  

ဘယ်လ်ဂျီယံလွှတ်တော်အမတ် က အီးယူရဲ့ ၂ထပ်စံနှုန်း ကိစ္စကို ဝေဖန်ခဲ့ပါတယ်။  ဂါဇာ၊ အနောက်ဘက်ကမ်းနှင့် လက်ဘနွန်တို့ကို အစ္စရေးက ကျူးကျော်မှု လုပ်နေတာကို နှုတ်ဆိတ်နေပြီးတော့ ယူကရိန်းကို ရုရှား ကျူးကျော်မှုကျတော့ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ အကြိမ်ရေများစွာ ချမှတ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုမူတွေနဲ့ သွားနေတာလဲ ဆိုတာကို ခန့်မှန်းလို့မရဘူးလို့ ပြောသွားပါတယ်။ 

အီတလီ အမတ်ကလည်း အီးယူရဲ့ အရှေ့အလယ်ပိုင်းကိစ္စမှာ မလှုတ်၊ မရှုတ်၊ မပြုတ် မူဝါဒကိုင်စွဲထားတာနဲ့ ပတ်သက်ပြီး ကိုယ့်ကို လာသတ်မဲ့ သားရဲတွေ မရောက်ခင်မှာပဲ ကိုယ်က အေးခဲပြီး သေနေလောက်ပြီ လို့ ပြောသလို အီးယူအဖွဲ့ဝင်နိုင်ငံတွေက ကိုယ့်ဖာသာကိုယ် လော့ဒေါင်း လုပ်နေကြလို့  ဥရောပသားများက "ပျက်စီးဆုံးရှုံးမှုများစွာနဲ့ နာကျင်မှုများစွာကို ခံစားလိုက်ရမှာပဲ” လို့ ပြောသွားပါတယ်။ 

 ပေါ်တူဂီလွှတ်တော်အမတ်ကတော့  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားကြောင့် “တိတ်တိတ်နေနေရတယ်”ဆိုပြီး  ဗွန်ဒါလီယန်ကို စွပ်စွဲခဲ့ပါတယ်။ “အီရန်ကို အစ္စရေးတို့ရဲ့ ရန်စမှုတွေ၊ လက်ဘနွန်ကို ကျူးကျော်မှု၊ လက်ဘနွန်သားတွေကို သတ်ဖြတ်မှုနဲ့ လက်ဘနွန်မှာ အိုးမဲ့အိမ်မဲ့ ၁.၂ သန်းကျော် ဖြစ်ခဲ့ရတဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ ဗွန်ဒါလီယန်မှာ ပါးစပ်မပါဘူးဖြစ်နေတယ်”လို့ ပြောသွားပါတယ်။ သူက "နိုင်ငံစုံခေါင်းဆောင်မှု နဲ့ လမ်းညွှန်မှုမူဝါဒကိုထောက်ခံကြောင်း၊ စွမ်းအင်ကဏ္ဍရဲ့ ခေတ်သစ်လစ်ဘရာယ်ဝါဒ ထိန်းချုပ်မှုကိုအဆုံးသတ်ဖို့လိုကြောင်း နဲ့ "ဈေးနှုန်းများကို ထိန်းချုပ်ရန်နဲ့ လယ်သမားများကိုထောက်ပံ့ရန် မည်သည့်အတိုင်းအတာမှ လုပ်ဆောင်ခြင်းမရှိသေးကြောင်း ဝေဖန်သွားပါတယ်။ 

ဩစတီးရီးယား လွှတ်တော်အမတ်က အီးယူက ထပ်တလဲလဲ မှီခိုမှု သံသရာတွင် ပိတ်မိနေခဲ့ပြီး ပြင်ပ ပေးသွင်းသူများကြား မှီခိုအားထားမှု ကူးပြောင်းခြင်းသည် ရေရှည်ဖြေရှင်းချက်ထက် “အဆုံးမဲ့လမ်း” ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။  “စီးပွားရေးအတွက် မကောင်းဘူး၊ လူတွေအတွက် မကောင်းဘူး၊ စွမ်းအင်ဈေးအတွက် မကောင်းဘူး” လို့ ပြောသွားပါတယ်။ 

ပိုလန် အမတ်ကလည်း အီးယူရဲ့ မူဝါဒတွေက အစုအဖွဲ့ကို စစ်ပွဲတစ်ခုအဖြစ်သို့ ဆွဲသွင်းနေတယ်လို့ ထပ်ခါတလဲလဲပြောခဲ့ပြီး ဗွန်ဒါလီယန်ကို ခေတ်သစ်နာဇီဝါဒကို ပံ့ပိုးသူ အမျိုးသမီးလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ စွမ်းအင်အကျပ်အတည်းက ယာယီမဟုတ်ရတဲ့ အကြောင်းက “နက်နဲစွာမှားယွင်းသော ဆုံးဖြတ်ချက်များ” ရဲ့ရလဒ်ဖြစ်ကြောင်း ပြောသွားပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment