လဲချားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်လူရည်ချွန် ကျောင်းသူလေးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်လူရည်ချွန် ကျောင်းသူလေးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ


လဲချား   ၊ မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့၌ နိုင်ငံတော်အဆင့် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသည့် လူရည်ချွန် ကျောင်းသူလေးအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့သည်။အဆိုပါလူရည်ချွန် ကျောင်းသူလေးမှာ အ.ထ.ကခွဲ (နောင်မိန်း)ကျောင်းမှ မသဇင်ဆွေ(၃) ထပ်ကွမ်းလူရည်ချွန်ဖြစ်ပြီး ၎င်းအား လဲချားမြို့ ပြည်ထောင်စုလမ်းမကြီး စိုက်ပျိုးရေးရုံးရှေ့မှ စတင်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့် ဉီးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ ရပ်ဖများ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ သီရိဟံသာခန်းမတွင် ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုပန်းစည်းပေးအပ်ခြင်းများ  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)