တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘုတ်ပြင်းမြို့ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ဆီကြမ်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘုတ်ပြင်းမြို့ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ဆီကြမ်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေး

 


ဘုတ်ပြင်း     ၊ မေ   ၇

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  မေ ၇ ရက် မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့ ထောင်ခမက်ကျေးရွာအုပ်စုရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့သွားရောက်၍ ဆီကြမ်းစက်ရုံလည်ပတ်နေမှုအား ကြည့်ရှုအားပေးသည်။

ဦးစွာ ဆီအုန်းစိုက်ပျိုးရေး အစည်းအဝေးခန်းမတွင် စီမံကိန်းမန်နေဂျာက ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ အဆင့်ဆင့်ဆီအုန်းစိုက်ပျိုးမှု အခြေအနေများ၊  တိုးချဲ့စိုက်ပျိုးမည့် အခြေအနေများ၊ ဆီကြမ်းစက်ရုံလည်ပတ်နေမှုနှင့် ဆီကြမ်းရရှိမှုများ၊ စိုက်ပျိုးရေးဧရိယာအတွင်း နေထိုင်သည့် စိုက်ပျိုးရေးလုပ်သားများ၊ စက်ရုံအလုပ်ရုံလုပ်သားများနှင့်မိသားစုဝင်များအား ပညာရေး၊ကျန်းမာရေး၊ သွားလာနေထိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို တင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ဆီအုန်းသီးမှ  ဆီထွက်ပစ္စည်းများ ထုတ်လုပ်မှုအပြင် အခြားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နေမှု အဆင့်ဆင့် ကိုခင်းကျင်းပြသထားရာဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုစစ်‌ဆေးပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုကြရာ  စီမံကိန်းဒါရိုက်တာက ရှင်းလင်းပြသသည်။

ထို့နောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် လောကချမ်းသာသံသရာငြိမ်းအေးစေတီတော်သို့ သွားရောက်၍ ပန်း၊ရေချမ်း၊ဆီမီးစသည်များကို ဆက်ကပ်လှုဒါန်းခဲ့ပြီး တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းရှိ ကုန်တင်ကုန်ချအသုံးပြုလျက်ရှိသည့်ဆိပ်ကမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)