တိုင်းရေးပြည်ရေး အခြေအနေကို စောင့်ကြည့်နေသူတွေအနေနဲ့က အကြမ်းဖက်လှုပ်ရှားမှုကိုလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေတာက ပြည်ပြေး ဝရမ်းပြေးတွေ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားသူ ပြည်ပြေး ဝရမ်းပြေးများနဲ့ ပြည်ဖျက်မီဒီယာများပူးပေါင်းလှုံ့ဆော်နေကြတာ ဖြစ်လို့ အကြမ်းဖက်လှုပ်ရှားမှုကလည်း စဉ်ဆက်မပြတ် အားကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၅-၅-၂၀၂၆ ရက်နေ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေမှာဆိုရင် ဆောမြို့နယ်မှာ လူငယ် ၂၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနှိပ်စက်နေပါတယ် ဆိုတာမျိုး တွေ့ရတယ်။ NLD က အွန်လိုင်းကနေ ဆွေးနွေးပွဲ လုပ်ပြီး NLD ပါတီဝင် လူငယ်တွေအနေနဲ့ တော်လှန်ရေးမှာ ပိုမိုပါဝင်ကြဖို့ လှုံ့ဆော်နေတာကို တွေ့မြင်ရပါတယ်။
ပြည်ဖျက်မီဒီယာတွေရဲ့ ရေးသားဖြန့်ဝေမှုပုံစံကို လေ့လာစောင့်ကြည့်သူများ သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေက မြို့ရွာတွေကို ဝင်ရောက်ဖျက်ဆီးတဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေက ဘယ်မြို့၊ ဘယ်ရွာကို သိမ်းပိုက်ထားပါပြီပေါ့။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီ အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတဲ့အခါကြတော့ တိုက်ပွဲမရှိဘဲ ပြည်သူတွေကို လေကြောင်းက တိုက်ခိုက်နေပါတယ်တဲ့။
စဉ်းစားကြအုံး။ အကြမ်းဖက်အဖွဲ့တွေက မြို့ရွာတွေကို ဝင်ရောက်ဖျက်ဆီးတဲ့အခါ ဂုဏ်ဆာပုံက တစ်မျိုး၊ အကြမ်းဖက်အဖွဲ့တွေကို တပ်မတော်စစ်ကြောင်းများက ရှင်းလင်းတဲ့အခါ အပြစ်မဲ့ပြည်သူများသဖွယ် ဖြစ်အောင် လုပ်ကြံဖန်တီးရေးသား ဖော်ပြတတ်ကြပါတယ်။
ဆောမြို့နယ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးတယ်ဆိုရင် အဲဒီလူငယ်တွေဟာ အပြစ်မဲ့ လူငယ်တွေမဟုတ်ဘူး။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ ဖြစ်နေလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းရတာပေါ့။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီငမိုက်သားလေးတွေကို မထိန်းသိမ်းဘူးဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်ရှိသလို ငမိုက်သား သူယုတ်မာလေးတွေရဲ့ မဖွယ်မရာ လုပ်ရပ်တွေကြောင့် အများပြည်သူအတိဒုက္ခရောက်ရမယ်။ နောက်တစ်ချက်က ပြည်ပြေး ဝရမ်းပြေးတွေက NLD ခေါင်းစဉ်နဲ့တစ်မျိုး၊ NUG ခေါင်းစဉ်နဲ့တစ်ဖုံ NLD ကို ထောက်ခံအားပေးတဲ့ လူငယ်တွေ အကြမ်းဖက်လှုပ်ရှားမှုထဲ ပိုမိုပါဝင်လာအောင် လုပ်နေကြပါတယ်။ ဒါကလည်း နည်းဗျူဟာတစ်ခုပေါ့။
NLD ဦးဆောင်သူအများစုကတော့ သူတို့ကိုယ်တိုင်လည်း တော်လှန်ရေးမှာ မပါဝင်သလို သူတို့ရဲ့ သားသမီးတွေကိုလည်း မှဲ့တစ်ပေါက်တောင် အစွန်းမခံပါဘူး။ လူငယ်လူရွယ်တွေကို အကြမ်းဖက်သမားများဖြစ်အောင် လှုံ့ဆော်ခဲ့ကြတဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ မန်းဝင်းခိုင်သန်း၊ ရည်မွန် အစရှိသော အကြမ်းဖက်လှုံ့ဆော်သူတွေဟာ သူတို့သားသမီးတွေကို အကြမ်းဖက်သမားများအဖြစ် ပါဝင်ခိုင်းလို့လား။ လူငယ်လူရွယ်တွေကို ကျောင်းမတက်နဲ့ ကျောင်းထွက် လို့ လှုံ့ဆော်ပြီး သူတို့သားသမီးတွေကိုကြတော့ ပြည်ပမှာ ကျောင်းထားတယ်။ ဘွဲ့တွေတောင် ရနေကြပြီ။
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် NLD ဦးဆောင်သူတွေသည် သူတို့ကို ထောက်ခံအားပေးတဲ့ ပြည်သူများအပေါ် တစ်နည်းအားဖြင့် NLD ကို ထောက်ခံအားပေးတဲ့ ပြည်သူများအပေါ် ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းသလဲ။ တွက်ဆကြည့်လို့ ရပါတယ်။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူများကို နည်းမျိုးစုံနဲ့ ရက်စက်ယုတ်မာဖို့ လှုံ့ဆော်ရုံမျှမက သူတို့ကို ထောက်ခံအားပေးသူများအပေါ်ကိုလည်း စာနာထောက်ထားခြင်း မရှိပါဘူး။ ယနေ့အချိန်ထိ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ဖို့၊ အကြမ်းဖက်သမားများအဖြစ်နဲ့ သေပွဲဝင်ကြဖို့ လှုံ့ဆော်နေကြဆဲပါပဲ။
NLD ပါတီကို ထောက်ခံအားပေးခဲ့ကြသူများလည်း သတိပြုမိကြပါစေ။ လက်ရှိအချိန်မှာ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားတွေကို နားယောင်ပြီး အကြမ်းဖက်သမား ဖြစ်ခဲ့ကြတဲ့ လူငယ်တွေ အသိမှန် အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြတာတွေ ရှိနေတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များထဲမှာ ဦးဆောင်သူတွေက အနိုင်ကျင့်နှိပ်စက် စော်ကားတယ်။ အစားအစာပင် ဝလင်အောင်မစားရဘူး။ ဓားမြတိုက်၊ ဆက်ကြေးတောင်းလို့ ရတဲ့ငွေကို PDF ခေါင်းဆောင်ဆိုတဲ့ ကောင်တွေက KTV မှာ သွားပြီး သုံးဖြုန်းပျော်ပါးနေကြတယ်။
အဲဒါ တော်လှန်ရေးတဲ့လား။ တော်လှန်ရေးလို့ အသံကောင်းဟစ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှု ဘာကြောင့် မအောင်မြင်ရသလဲ။ ဝေဖန်ဆန်းစစ်မိကြပါရဲ့လား။ ဦးဆောင်သူတွေကိုယ်တိုင်က တော်လှန်ရေးအတွက်လို့သာ အသံကောင်းဟစ်နေပေမယ့် သူတို့ကိုယ်တိုင် ကျည်လွတ်မြေမှာနေတယ်။ အာချောင်တဲ့ အလုပ်ကိုပဲ လုပ်တယ်။ ပြည်တွင်းမှာ ရှိတဲ့ PDF ခေါင်းဆောင်ဆိုတဲ့ ကောင်တွေကလည်း ဓားမြတိုက်၊ ဆက်ကြေးကောက် လက်နက်ကိုင်ပြီး ပြည်သူများအပေါ်က ဂုပ်သွေးစုပ်လို့ရတဲ့ အနေအထားတစ်ခုအပေါ်မှာ သာယာနေကြတာကို တွေ့ရပါလိမ့်မယ်။ အကြမ်းဖက်လှုပ်ရှားမှု မအောင်မြင်ရတဲ့ အဓိကအကြောင်းအရင်းကတော့ NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ လုပ်ရပ်များသည် အများပြည်သူ ကောင်းကျိုးမဖြစ်စေဘဲ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်နေခြင်းကြောင့် ဘယ်တော့မှ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။
#MNP #News

No comments:
Post a Comment