Pages

Pages

ဒလမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သက်ကြီးရွယ်အိုများအား ကျန်းမျာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး



ဒလ   ၊ မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် သက်ကြီးရွယ်အိုများအား ကျန်းမျာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ညောင်ချောင်း ကျေးလက်ကျန်းမာ‌ရေးဌာနခွဲ ချောင်းဦးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။ထိုသို့ဆောင်ရွက်ရာတွင် ဒလမြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းဝင်းဦးဆောင်မှုဖြင့် ဓနုတ်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ညောင်ချောင်းကျေးလက်ကျန်းမာ‌ရေးဌာနခွဲ ချောင်းဦးကျေးရွာရှိ သက်ကြီးရွယ်အိုများအား  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မျက်စိစစ်ဆေးပေးခြင်း၊ ဆီးချို သွေးတိုး လူနာများရရှာ‌ဖွေ၍ ကုသမှုပေးခြင်း၊ ကူးစက်ရောဂါများနှင့်ပတ်သက်၍ Awareness Section ပြုလုပ်ပေးခြင်းနှင့် (၁၅) နှစ်အောက်ကလေးများ ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရင်းကောက်ခြင်းများ ဆောင်ရွက်သည်။ဒလမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  ရပ်ကွက်၊ ကျေးရွာများအလိုက် ကျန်းမာရေးကဏ္ဍအသီးသီးအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ခင်စန္ဒာမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment