ကျိုက်ထိုမြို့နယ်တွင် သဘာဝေဘေးအန္တရာယ်များ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်ပစ္စည်းကိရိယာများ အသင်းစုဖွဲ့ပြင်ဆင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် သဘာဝေဘေးအန္တရာယ်များ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်ပစ္စည်းကိရိယာများ အသင်းစုဖွဲ့ပြင်ဆင်

 




ကျိုက်ထို၊ မေ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်သဘာဝေဘေးအန္တရာယ်များ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်ပစ္စည်းကိရိယာများ အသင်းစုဖွဲ့ပြင်ဆင်ထားရှိခြင်း ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲညွန့်ထွေး ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၂၅)ဦးတို့က မိမိတို့အား ပေးအပ်ထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား စနစ်တကျစစ်ဆေးခြင်းနှင့် ‌အရေးပေါ်အခြေအနေတွင် ချက်ချင်းထွက်ခွာနိုင်ရန် အသင်းစုဖွဲ့ပြင်ဆင်ထားရှိခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ကို အချိန်မီကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ယခုကဲ့သို့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်းသိရသည်။


ပြည့်ဖြိုး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)