နေပြည်တော်၊ မေ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ ဖိတ်ခေါ်လွှာတွင် တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များ (ယခင်ခွင့်ပြု ထားပြီးသော ကုမ္ပဏီများမပါ)အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း ရယူပြီး (၁) Hard Copy (၂) Soft Copy (Word file) များဖြင့် (၃၀.၆.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုတင်ပြ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်လွှာများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း၊ အင်းစိန်၊ ရန်ကုန် - ဖုန်းနံပါတ်-၀၁-၆၄၄၂၁၄၊ အီးမေးလ်- directorppddoa@gmail.com သို့လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ် ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး (UMFCCI ၉လွှာ)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ် - ၀၁-၂၁၈၂၆၆~၆၈၀၁-၂၃၀၁၁၂၈~၂၉၊ အီးမေးလ်- admin@mrf.com.mm သို့လည်းကောင်း တောင်းခံနိုင်ကြောင်း၊ လျှောက်လွှာများအား https://www.doa.gov.mm ၊ https://ppd.doa.gov.mm နှင့် www.umfcci.com.mm တွင် (Download) ဒေါင်းလုပ်ရယူလျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#MNP #News

No comments:
Post a Comment