ဈေးပေါတဲ့ ရုရှားလောင်စာမသုံးတော့ဘဲ ဈေးကြီးတဲ့ အမေရိကန်လောင်စာ ဝယ်သုံးရအောင်လို့ ပြောနေတာ ကျနော်တို့က ရူးနေလို့လားလို့ စလိုဗက်ဝန်ကြီးချုပ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဈေးပေါတဲ့ ရုရှားလောင်စာမသုံးတော့ဘဲ ဈေးကြီးတဲ့ အမေရိကန်လောင်စာ ဝယ်သုံးရအောင်လို့ ပြောနေတာ ကျနော်တို့က ရူးနေလို့လားလို့ စလိုဗက်ဝန်ကြီးချုပ်ပြော


မေ - ၁၁ ( တနင်္လာနေ့ ) 

ဥရောပသမဂ္ဂ (အီးယူ)သည် ရုရှားကို စွမ်းအင်ထောက်ပံ့သူအဖြစ်မှ ရပ်ဆိုင်းရန် အစီအစဉ်လုပ်နေပြီး အမေရိကန်ဆီက ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် ဝယ်ယူဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး စလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကို က သတိပေးပြောကြား လိုက်ပါတယ်။ 

မနေ့က ပြည်သူနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ဖီကို က ဥရောပတိုက်တစ်ဝှမ်းရှိ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ အားလုံးကို ဝယ်ဖို့အတွက် အမေရိကန်ဘက်က ကြီးမားသော စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့ပါတယ်။ "ဒါဆို ရုရှားတွေက အမေရိကန်တွေကို ဓာတ်ငွေ့နဲ့ ရေနံအား ဈေးတစ်ခုနဲ့ ရောင်းမှာဖြစ်ပြီး ဖြစ်ပြီး၊ အမေရိကန်တွေက အဲ့ဒိရုရှားရေနံတွေအား ငါတို့ကို စျေးကြီးတဲ့ အခကြေးငွေနဲ့ ရောင်းမယ်။ ကဲစဉ်းစားကြည့်ကြပါဦး ငါတို့က ရူးနေပြီလား" လို့ သူကပြောပါတယ်။

“ဥရောပရှိ ရုရှားဓာတ်ငွေ့ရည် LNG ဝေစုက တိုးလာနေပါပြီ။ အီးယူက ရုရှားကိုဖိအားပေးဖို့အတွက် ရုရှားလောင်စာတွေကို မဝယ်ဖို့လုပ်တာက သက်သက်မဲ့နိုင်ငံရေး အရေခြုံနေတာပါ။ ကျနော်တို့ကတော့ မလုပ်နိုင်ဘူး။ အခုပဲကြည့်လေ ပြင်သစ်ကတော့ ရုရှားလောင်စာတွေကို ဝယ်ခွင့်ရတယ်။ ကျနော်တို့ကိုကျတော့ မဝယ်နဲ့လို့ တားတယ်။ ဖိအားပေးတယ်” လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီလအတွင်းက ဥရောပကော်မရှင်သည် ရုရှားလောင်စာဆီတင်သွင်းမှုကို ၂၀၂၇ ခုနှစ်တွင် အပြီးရပ်ဆိုင်းရန် သဘောတူညီချက်ကို ထပ်ပြီး ရက်လျှော့လိုက်ပါတယ်။ အဲ့ဒိအချိန်မှာပဲ အမေရိကန်နဲ့ အစ္စရေး က အီရန်နိုင်ငံအပေါ် စစ်ပွဲ ဆင်နွဲတော့ နောက်ဆက်တွဲ ပြဿနာအနေနဲ့ လောင်စာဆီ အကျပ်အတည်းက ဥရောပမှာ အဆိုးရွားဆုံး အခြေအနေဖြစ်သွားခဲ့ပါတယ်။ 

အီးယူကလည်း ရုရှားသဘာ၀ဓာတ်ငွေ့ရည်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ကို စွန့်လွှတ်မှာ မဟုတ်ကြောင်း စွမ်းအင်ဆိုင်ရာ အကြီးအကဲ ဒန်ဂျော်ဂျန်ဆင် က ပြီးခဲ့သည့်လတုန်းက ဖနန်ရှယ်တိုင်းမ် သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒါပေမဲ့ အီးယူက အမေရိကန်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များထံမှ ပိုစျေးကြီးတဲ့ လောင်စာတွေကို မှီခိုနေရတယ်လို့လည်း ၎င်းကပြောသွားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန်က တူရကီပိုက်လိုင်း တက်ခ်စထရင်း ပိုက်လိုင်းနှင့် ဘော်လ်ကန်ပိုက်လိုင်း တိုးချဲ့မှု ကို  ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးခဲ့ပါတယ်။ အဲ့ဒိပိုက်လိုင်းတွေကနေ ရုရှားဓာတ်ငွေ့ကို ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံတွေကို လက်ရှိမှာ ပေးပို့နေဆဲဖြစ်ပါတယ်။ 

မော်စကိုရဲ့အဆိုအရ၊ ထိုကဲ့သို့သော အမေရိကန်စီမံကိန်းတွေကို ခွင့်ပြုပြီး ရုရှားရေနံကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုတွေက စွမ်းအင်စျေးကွက်ကို သိမ်းပိုက်ရန် အမေရိကန်တွေရဲ့ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)