မေ - ၁၉ ( အင်္ဂါနေ့ )
သုတေသီများနဲ့ ကမ္ဘာ့လူဦးရေစာရင်းအချက်အလက်များကို ကိုးကားပြီး ဖနန်ရှယ်တိုင်း သတင်းဌာနရဲ့ ဖော်ပြချက်မှာ စမတ်ဖုန်းများ နဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံတဲ့ ဆက်ဆံရေးများက ကမ္ဘာတစ်ဝှမ်းလုံးမှာ အထူးသဖြင့် လူငယ်လူရွယ်များကြားမှာ အားနည်းသွားပြီဖြစ်လို့ ကလေးမွေးဖွားနှုန်း ကျဆင်းသွားတော့မယ် လို့ ဖော်ပြခဲ့ပါတယ်။
လူဦးရေ မှတ်တမ်းများနဲ့ ဂူဂဲလ် ရှာဖွေမှုဒေတာများကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ရာ အစောပိုင်းလူဦးရေ တိုးနှုန်း နဲ့ မသက်ဆိုင်ဘဲ စမတ်ဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာပြီးနောက် နိုင်ငံအများအပြားတွင် ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့တယ်လို့ သတင်းဌာနက ဆိုပါတယ်။
ပန်ဆယ်ဗေနီးယား တက္ကသိုလ်မှ လူဦးရေစာရင်းပြောင်းလဲမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်တဲ့ ဘောဂဗေဒပါမောက္ခ က မွေးဖွားမှုကျဆင်းခြင်းအား “ကျွန်ုပ်တို့ခေတ်ရဲ့မေးခွန်းကြီး”ဖြစ်လာပြီလို့ဆိုသလို ယနေ့ခေတ် စီးပွားရေးနှင့် လူမှုရေးပြဿနာအများစုက ကလေးမွေးဖွားနှုန်း ပြိုကျခြင်းအတွက် “စုန်ရေ”လိုဖြစ်နေပြီလို့လည်းပြောပါတယ်။
သုတေသီများက စမတ်ဖုန်း နဲ့ ဆိုရှယ်မီဒီယာတွေကို အများအပြား အသုံးပြုမှုတွေကြောင့် အမေရိကန်၊ ယူကေ၊ ဘရာဇီးနှင့် တောင်ကိုရီးယားတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် မွေးဖွားနှုန်းကျဆင်းလာခြင်းက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ စင်စင်နာတီ တက္ကသိုလ်မှ သုတေသီ ၂ ဦးက အမေရိကန်နဲ့ ယူကေတို့တွင် 4G မိုဘိုင်းကွန်ရက်များ စတင်ဖြန့်ကျက်စဉ်အတွင်း မွေးဖွားနှုန်းများကို စစ်ဆေးပြီး စာတမ်းရေးတင်ခဲ့ပါတယ်။
သုတေသီများက စမတ်ဖုန်းများသည် လူငယ်များအတူတကွအချိန်ဖြုန်းပုံကို ပြောင်းလဲစေပြီး လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံခြင်းကို သိသိသာသာလျှော့ချနိုင်သွားပြီလို့ ဆိုပါတယ်။
အမေရိကန်၊ ယူကေနှင့် သြစတြေးလျရှိ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများကြားတွင် ကလေး မွေးဖွားနှုန်းသည် ၂၀၀၀ ခုနှစ်များအစောပိုင်းတွင် မြင့်မားမှုရှိခဲ့ပေမဲ့ ၂၀၀၇ နောက်ပိုင်းတွင် စက်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသောအခါမှာတော့ မွေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ ပြင်သစ်နှင့် ပိုလန်တို့သည် ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းလာခဲ့ပြီး ၂၀၁၂ ခုနှစ်ဝန်းကျင်တွင် မက္ကဆီကို၊ မော်ရိုကိုနှင့် အင်ဒိုနီးရှားတို့က ကျဆင်းသွားခဲ့ပါတယ်။ ဂါနာ၊ နိုင်ဂျီးရီးယားနှင့် ဆီနီဂေါတို့က ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လကထုတ်ဝေခဲ့တဲ့ ယူရိုစတက် အစီရင်ခံစာအရ အီးယူ ရဲ့ လူဦးရေသည်လာမည့် ၇၅ နှစ်အတွင်း ၁၁ % သို့မဟုတ် လူ ၅၃ သန်းခန့်ကျုံ့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဥရောပရဲ့လူဦးရေက ၂၀၂၉ ခုနှစ်တွင် ၄၅၃ သန်းသို့ရောက်ရှိရန် မျှော်မှန်းထားပြီး ရာစုနှစ်အကုန်တွင် သန်း ၄၀၀ အောက်သို့ ကျဆင်းသွားကာ အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနှုန်းသည် ၁.၃ ဦးအထိ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment